|
သတင်း
 ကေအန်ယူ (KNU) ကို အမြစ်ဖြတ်တိုက်မည်ဟု မြန်မာစစ်အစိုးရ ပြော
Fri 10 Jul 2009,
IMNA,
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကို မြန်မာစစ်အစိုးရက အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ဘုရားသုံးဆူဒေသမှ သတင်းများ ထွက်ပေါ်နေသည်။
ကေအန်ယူ တပ်မဟာ (၇) ကို မြန်မာစစ်အစိုးရ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့သိမ်းခဲ့ပြီးနောက် ဘုရားသုံး ဆူ-သံဖြုဇရပ်ဒေသရှိ တပ်မဟာ (၆) ကို ဆက်လက် အမြစ်ပြတ် တိုက် သွားမည်ဟု ဘုရားသုံးဆူဒေသမှ တိုင်းရင်သားလိုက်နက်ကိုင်အဖွဲ့တို့၏ အဆိုရ သိရသည်။
“မြန်မာအစိုးရစစ်ကြောင်းတစ်ကြောင်း မဲကသာနဲ့ ဘုရားသုံးဆူဒေသ ဘက်မှရောက်လာပြီး၊ သူတို့က ဘုရားသုံးဆူမှာရှိတဲ့ ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) နဲ့ ဒီကေဘီအေတပ်တို့ ပေါင်းပြီးတော့ ကျွန်တော်တို့ ကေ အန်ယူ တပ်ကို တပ်မဟာ (၆) ကို လာပြီးတော့ အမြစ်ဖြတ်တိုက်မယ်” ဟု ကေအန်ယူမှ လာသည့် သတင်းအရ သိရသည်။
ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကြီးကြပ်ကွပ်ရေးဌာနာချုပ် (စကခ) တပ်ရင်း ၁၉ နှင့် ၄င်း၏ တပ်ခွဲ ခမရ(၂၈၂)၊ ခမရ(၂၈၃)၊ ခမရ(၂၈၄)၊ နှင့် ၃၅၆ တို့ ဘုရားသုံး ဆူဒေသရှိ မဲကသာဘက်တို့ ရောက်ရှိလာပြီး ယခုလောလောဆယ်တွင် တပ်ခွဲ ( ၃၅၆) သည့် ဘုရားသုံးဆူမြို့အနီးတွင် တပ်ချသည်ဟု သိရသည်။
လွန်ခဲ့သည့် ဂျုလိုင်လ (၈) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၆) ယာယီ စခန်းတစ်ခုကို ဒီကေဘီအေကဝင်တိုက်ပြီးနောက် ကေအန်ယူဘက်က ပြန် လည်တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။
၎င်းတိုက်ပွဲတွင် ဒီကေဘီအေဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်ဟု သတင်းများထွက်နေသလို သေဆုံးသွားသည့် တပ်သားနှစ်ဦးမှာ ကေ အန်ယူဘက်ကဖြစ်သည့်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ဘုရားသုံးဆှူ စရဖ တို့၏ အဆိုရ မဲကသာတိုက်ပွဲတွင် မြန်မာအစိုးတပ်နှင့် ဒီကေဘီအေတို့ပူးပေါင်းပြီး ကေအန်ယူကို တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
“ဟိုမဲကသာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဒီကေဘီအေဘက်မှာ (စကခ) တပ်ရင်း ၁၉ ပါပြီး ကေအန်ယူ ကို တိုက်ခိုက်ခဲ့တယ်” ဟု စရဖ အရာ ရှိတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦး၏အဆိုအရ မြန်မာ တပ်ရင်းတွေ မဲကသာ ဘက်မှာ ၁၀ ရက်ကျော်ကတည်း ရောက်နေ ကိုကြားပါသည်။ ၄င်းတို့ကို ဘုရားသုံဆူဒေသဘက်မှာ အခြေစိုက်တဲ့ ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) တို့နှင့် ပူးပေါင်းပြီး ကေအန်ယူကို ရှင်းလင်းသွားမည်ဟု ဆက်ပြောသည်။
ကေအန်ယူနှင့် ဒီကေဘီအေတိုက်ပွဲဖြစ်နေသည့် သတင်းကြားပြီးနောက်မှာ ဘုရားသုံးဆူမြို့မှာရှိသည့် ကရင်လူမျိုးအများစုက စိုးရိမ်းထိတ်လန့်ပြီး ညပိုင်း၌ တဘက်ကမ်းထိုင်းနိုင်ငံတွင် သွားရောက် အိပ်နေကြပါသည်။
“တစ်ချို့ ကရင်လူမျိုးတွေက တိုက်ပွဲထပ်ဖြစ်မှားကိုကြောက်ပြီး ညညပိုင်း ထိုင်းဘက်ကမ်းမှာ သွားအိပ် နေတယ်၊ သူတို့က မြဝတီ-မဲဆောက် ဘက် အခြေအနေလိုမျိုး ဖြစ်လာမှားကို စိုးရိမ်းနေတယ်” ဟု ဘုရားသုံးဆူ ဒေသခံတွေက ပြောသည်။
ကရင်အမျိုးသမီးအဖွဲ့စည်းက ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ကရင် လူမျိုးအများအပြားက စိုးရိမ်းရတဲ့ အခြေအနေမှာရှိနေပြီး ကရင် ဒုက္ခသည် ၄၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသိမ်းရှောင်းနေရသည်ဟု သိရသည်။
|
|
|
|