July 29, 2010
 
Head
နောက်ဆုံသတင်းများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ် 

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ 

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ 

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ 

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ 

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ 

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း 

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

သတင်း

ကရင်ပြည်နယ်ရှိ မွန်ရွာတချို့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မား
Fri 10 Jul 2009, နိုင်မွန်ဂျစ်
မွန်လူမျိုးအများစုနေထိုင်သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့တာရွာတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များလာပြီး တရွာလုံးနီးပါး ပြန့်ပွားနေပါသည်။ တုပ်ကွေးရောဂါသည်များက ပြီးခဲ့တဲ့ ဇွန်လကနေ စဖြစ်လာ၍ ဇူလိုင်လမှာ ပိုပြီးများပြားလာပါသည်။

“ရာသီဥတုနဲ့ဆိုင်တယ်၊ ကျမတို့ရွာမှာ ဒီရောဂါဖြစ်တာ တော်တော်များ တယ်၊ ဆေးလာဝယ်တဲ့ ရွာသားတွေရော၊ ကျမနဲ့နီးစပ်သူများကို လက် လမ်းမှီသလောက် ရောဂါကာကွယ်နည်းတွေကိုတော့ ရှင်းပြ ပါတယ်လို့” ဆေးဆရာမ တစ်ဦးက ပြောသည်။



ကော့တာရွာသည် အိမ်ခြေပေါင်း ၈၀ ခန့်ရှိပြီး၊ တုပ်ကွေးရောဂါဖြစ်ပွားသူ များသဖြင့် အိမ်တိုင်းလုနီးပါ တအိမ်လျှင် တစ်ယောက် နှစ်ယောက်ဖြစ်နေ သည်ဟု ရွာသားတစ်ဦးက ဆိုပါသည်။

“အိမ်တိုင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်၊ ကလေးရော လူကြီးရော ဖြစ် နေတယ်၊  သုံးလေးနှစ်အရွယ် ကလေးတွေ ဖြစ်တာများတယ်" ဟု အခြား ရွာသားတစ်ဦးက ပြောပါသည်။

တုပ်ကွေးရောဂါသည် အချိန်မရွေးဖြစ်နိုင်သော်လည်း မိုးဦးကာလတွင်  ဖြစ်ပွားမှု ပိုများသည်။ မိုးဦးကျချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရော ဂါပိုးပျံ့နှံ့လွယ်သည်။ ရောဂါမကူးစက်နိုင်အောင် နှာခေါင်း၊ ပါးစပ်ပိတ်ခြင်း၊ တကိုယ်ရေသန့်ရှင်းမှုရှိခြင်းဖြင့် ကာကွယ်နိုင်သည်ဟု မွန်ကျန်းမာရေးဌာန ကော်မတီဝင် တစ်ဦးဖြစ်သည့် နိုင်ဆေးမွန်က ပြောပါသည်၊၊

“တုပ်ကွေးရောဂါကိုကုတဲ့ဆေး သေသေချာချာမရှိသေးပါဘူး၊ ပါရာစီတ မောဆေးတို့လောက်ပဲ သောက်နေရတာ၊ ရေများများသောက်၊ ရောဂါ တစ်ခါပြီးရင် နောက်တစ်ခါ ထပ်မဖြစ်တော့ပါဘူး” ဟု စံခလဘူရီမှ မွန်ကျန်းမာရေးဌာနခွဲ၏  ရုံးအုပ် နိုင်ဦးချမ်းက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေတွင် ယူနီဆက်ဖ်မှ တုပ်ကွေးရောဂါအကြောင်း ပညာပေးမည့်အပြင် ခြင်တောင်များကိုလည်း ဆေးစိမ်ပေးမည်ဟု ရွာ ဥက္ကဋ္ဌက မောင်းထုထားသဖြင့် မနက် ၉ နာရီခန့်တွင် ရွာစာသင်ကျောင်း သို့ ခြင်တောင်နှင့်တကွ  ရွာသားများ သွားရောက်စုရုံးနေကြသည။်



“ယူနီဆက်ဖ်မှ တာဝန်ရှိသူတစ်ယောက်က တုပ်ကွေးရောဂါအကြောင်း ပညာပေး ရှင်းလင်းဟောပြောတယ်၊ ခြင်တောင်စိမ်ဆေးပြား ဝေပေးတယ်၊ ရွာဥက္ကဋ္ဌနဲ့ ကျောင်းဆရာ/မတွေက ထောက်ပံ့ကြေးအနေနဲ့ ဆေးတလုံး ၃၀၀ ပေးပါဆိုလို့ ရွာသားတွေ လူတိုင်းပေးကြတယ်” ဟု ကော့တာ ဒေသခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကိုပြောပြသည်။

၎င်းက “သူတို့တွေက ခရီးအဝေးကြီးကနေ လာရတော့ သူ့ကို ခြင် တောင်စိမ် ဆေးတစ်လုံးကို ကျပ် ၃၀၀ နဲ့ ထောက်ပံ့ပေးကြပါ၊ ရွာဥက္ကဋ္ဌနဲ့ ကျောင်းဆရာ/မ တွေ ပြောလို့ လူတိုင်းပေးကြတယ်" ဟု ပြောပါသည်။



ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Wed 24 Mar 2010,


MORE IMNA VIDEOS Mon 22 Mar 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency