July 29, 2010
 
Head
နောက်ဆုံသတင်းများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ် 

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ 

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ 

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ 

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ 

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ 

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း 

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

သတင်း

ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေပစ်ခတ်ခြောက်လှန့်
Sat 11 Jul 2009, IMNA, ကွန်းဟဒေ့
ယမန်နေ့ညက ဘုရားသုံးဆူမြို့အပြင်တွင် တပ်စွဲထားသော ကလိုထူးဖော ဗျူဟာ လုံခြုံ ရေးတပ်ရင်းမှ ဗိုလ်ကြီးအေဝမ် ဦးစီးသည့် ဒီကေဘီအေတပ် ဖွဲ့သည် ဘုရားသုံးဆူမြို့ မြောက်ဘက်သို့ လက်နက်ကြီးသုံးလုံးဖြင့် ကေ အန်ယူကို ပစ်ခတ် ခြောက်လှန့်ခဲ့သည်ဟု ဘုရားသုံးဆူမြို့မှ စရဖနှင့် လက် နက်ကိုင်အဖွဲ့တို့မှ လာသောသတင်းအရ သိရသည်။

ထိုနေ့ညနေ ၈ နာရီမထိုးခင် ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးအမျိုးအစား RBG ၃ ချက်နှင့် M-16 ၁ ကဒ်စာလောက် အဝေးမှ လှမ်းပစ်ခတ်ခဲ့သည်ဟု DKBA အရာရှိ၏ ပြောပြချက်ကို ကိုးကားပြီး မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးက ပြောသည်။

“ကေအန်ယူတွေ ရှိတဲ့အထင်နဲ့ သူတို့ ပစ်တာပဲ၊ ကျနော်ကြားရသလောက် တော့ ကေအန် ယူတွေက သူတို့ကို စိန်ခေါ်ထားလို့ အခုလို သူတို့ဘက်က ကေအန်ယူရှိနိုင်ဘက်ကို မှန်းပြီးပစ်လိုက်တာပဲ” ဟု ၄င်းက ပြောသည်။

လက်နက်ကြီးသုံးလုံးမှာ ဘုရားသုံးဆူမြို့အနီးတွင် ပစ်ခတ်ခဲ့သောကြောင့် ဘုရားသုံးဆူမြို့ ဒေသခံများက ကြောက်ရွံ့နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“၈ နာရီ မထိုးခင်လောက်မှာပေါ့၊ လက်နက်ကြီးသံ သုံးခါကြားရတယ်၊ အ ကျယ်ကြီးပဲ၊ မြို့ထဲမှာ လာကျတဲ့အတိုင်းပဲ၊ အခုတော့ ကျနော်တို့က တိုက် ပွဲဖြစ်မှာကို စိုးရိမ်နေတယ်၊ လွန်ခဲ့တဲ့ ၂ ရက်က တဲသုံးလုံးမှာ တိုက်ပွဲဖြစ်ပြီး ကတည်းက ဒီကလူတွေ ကြောက်ရွံ့နေပြီးသားပဲ၊ တချို့ဆိုရင် မြန်မာ ဘက်ခြမ်းမှာ မနေရဲလို့ ထိုင်းဘက်ခြမ်းမှာ သွားနေနေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ယခုချိန်တွင် နအဖဘက်မှ စစ်ကြောင်းကြီးများ တက်လာပြီး ကေအန်ယူကို တိုက်ခိုက်ရန်ရှိသည်ဆိုသည့်သတင်းနှင့် ယခုကဲ့သို့ လက်နက်ကြီးသံများ မြို့အနီးတွင် ကြားခဲ့ရသဖြင့် မြို့ခံများ ကြောက်ရွံ့နေကြသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Wed 24 Mar 2010,


MORE IMNA VIDEOS Mon 22 Mar 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency