February 09, 2010
 
Head
နောက်ဆုံသတင်းများ
အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ

ပြည်ထောင်စုနေ့ အမှတ်တရ တိုင်းရင်းသားများ ဈေးရောင်းပွဲတော် ကျင်းပမည်

သတင်း

ကေအန်ယူကို တိုက်ခိုက်ရန် စစ်ကြောင်းများ တက်လာနေသည့် သတင်းကြောင့် ဒေသခံတို့ကြောက်ရွံ့နေကြ
Mon 13 Jul 2009, ရိုင်မရော့
ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) ကို တိုက် ခိုက်ရန် နအဖစစ်ကြောင်းများတက်လာနေသည်ဟု သတင်းများ ထွက် ပေါ်နေခြင်းကြောင့် ကုန်သည်များ၊ လှေသမားများအပါဝင် ဒေသခံတို့က ကြောက်ရွံ့နေကြပြီး ၄င်းလုပ်ငန်းများ နားထားရသည်ဟု သိရသည်။

မဲကသာတောကြား တဲသုံးလုံးလမ်းခွတွင် ကေအန်ယူတပ်မဟာ (၆) ယာ ယီစခန်းတစ်ခုကို ဒီကေဘီအေတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အင် အား (၁၀၀၀) ခန့်ရှိ နအဖဘက်မှ စစ်ကြောင်း ချီတက်လာနေသည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ဘုရားသုံးဆူမြို့အပြင် ဘက်တွင် ပေါ်တာ ဆွဲနေခြင်းတို့ကြောင့် လှေသမားများ လှေမဆွဲရဲဘဲ ကုန်သည်များ လည်း မသွားလာရဲကြပေ။

“တဲသုံးလုံးမှာ တိုက်ပွဲဖြစ်ပြီးတော့ လှေသမားတွေလည်း မပြေးဆွဲရဲဘူး၊ ကျမတို့ကုန်သည်တွေလည်း မသွားလာရဲဘူး၊ အခုလို ဒီကေဘီအေနဲ့ ကေအန်ယူကြားမှာ ပဋိပက္ခဖြစ်နေတဲ့ကြား ကိုယ်ပါ သူတို့တိုက်ပွဲနဲ့ပါ သွားမယ်၊ ဒါကြောင့် အခုလောလောဆယ်မှာတော့ ခဏနားထားရတာ ပေါ့” ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင်လ (၈) ရက်နေ့ မဲကသာတောကြား တဲသုံးလုံးလမ်းခွနေရာရှိ ကေ အန်ယူ တပ်မဟာ (၆) ယာယီစခန်းတစ်ခုကို ဒီကေဘီအေနှင့် နအဖတို့ ပူပေါင်းဝင်ရောက်ခိုက်ခြင်းနှင့် ဇူလိုင် (၁၁) နေ့မှာ ကေအန် ယူတပ်မဟာ ဘက်မှ လက်နက်ကြီးကျရောက်ခဲ့ပြီးနောက်ပိုင်း ဒေသခံတို့က ကြောက်ရွံ့ နေကြသည်ဟု ဒေသခံတို့က ပြောသည်။

“မဲကသာမှာ တိုက်ပွဲဖြစ်ပွားပြီးတော့ နအဖဘက်မှ စစ်ကြောင်းတွေ တက် လာနေတယ် လို့ကြားတယ်။ ဒါပေမယ့် ဘုရားသုံးဆူထိတော့ မရောက် သေးဘူး၊ ပြီးတော့ ပေါ်တာတွေလည်း ဆွဲမယ်လို့ ကြားတယ်” ဟု နအဖ နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

အတည်မပြုနိုင်သေးသည့် ကောလဟလသတင်းတစ်ရပ်အရ ဇူလိုင်လ (၁၁) နေ့က ဘုရားသုံးဆူမြို့အပြင်ဘက် တောင်ဝိုင်းမှာ ပေါ်တာဆွဲနေပြီး၊ ကေအန်ယူကို အမြစ်ဖြတ် တိုက်ခိုက်ရန်အတွက် စစ်ကြောင်း ချီတက် လာသည့် နအဖတပ်တို့မှ ဘုရားသုံးဆူမြို့မှ ပေါ်တာအင်အား (၈) ရာ လောက် လိုအပ်သည်ဟု သတင်းထွက်ပေါ်နေသည်။

ဘုရားသုံးဆူမြို့၌ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းနှင့် ယခုလို ကေအန်ယူနှင့် ဒီကေဘီအေတို့ကြားပဋိပက္ခဖြစ်ပေါ်နေခြင်းကြောင့် ၄င်းဒေသအခြေစိုက် ခလရ (၃၂) တို့မှ မဲကသာတောအတွင်း သွားလာခွင့်ကို ပိတ်ပင်ထားပြီး၊ မြို့တွင်းနှင့် မြို့ပြင် ည (၁၀) နာရီကျော် အပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင် ထားသည်ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ခလရ (၃၂) က စစ်သား ၇ ယောက် ကေ အန်ယူနဲ့သွား ပေါင်းတာကြာတယ်၊ အဲဒီ (၇) ယောက်ထဲမှာ ဗိုလ်ကြီးတစ် ယောက်လည်းပါတယ်တဲ့၊ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုး မျိုးပြောဆိုနေကြတယ်၊ တချို့က သွေးရိုးသားရိုးမဟုတ်ဘူးလို့လည်း ပြော နေကြတယ်” ဟု ၄င်းနအဖနှင့် နီးစပ်သူက ဆက်ပြောပြသည်။

ကေအန်ယူ တပ်မဟာ (၇) ကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့သိမ်းခဲ့ပြီးနောက် ဘုရားသုံးဆူ -သံဖြုဇရပ်ဒေသရှိ တပ်မဟာ (၆) ကို ဆက်လက် အမြစ်ပြတ် တိုက်သွား မည်ဟု ဘုရားသုံးဆူဒေသမှ တိုင်းရင်သားလိုက်နက်ကိုင်အဖွဲ့တို့၏ အဆိုရ သိရသည်။

ကရင်အမျိုးသမီးအဖွဲ့စည်းက ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ကရင် လူမျိုးအများအပြားက စိုးရိမ်းရတဲ့ အခြေအနေမှာရှိနေပြီး ကရင် ဒုက္ခသည် ၄၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသိမ်းရှောင်းနေရသည်ဟု သိရသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency