|
သတင်း
 ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ မွန်ပြည်သစ်ပါတီမှ အရေးပေါ်အ စည်းဝေးပြုလုပ်မည်
Mon 13 Jul 2009,
ရိုင်မရော့၊ မိမွန်စွန်း
မွန်ပြည်သစ်ပါတီ ဗဟိုဌာနမှ ဗဟိုကော်မတီဝင်များအားလုံးကို ဇူလိုင်လ (၂၅) ရက်နေ့မှစ ၍ ရက်အကန့်သတ်မရှိ အရေးပေါ်အစည်းအဝေး ခေါ်ယူ ဆွေးနွေးရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ လာသောသတင်းအရ သိရသည်။
ထိုအစည်းအဝေးမှာ မြန်မာစစ်အစိုးရမှ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရန် ကမ်း လှမ်းချက်ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။
“ဇူလိုင် (၂၅) ရက်နေ့ဆို ဗဟိုဌာနကို အရောက်သွားရမယ်လို့ စာရောက် လာပြီးသားပါ၊ အရေးပေါ်အစည်းဝေ့းပြုလုပ်မှာဖြစ်တယ်၊ ဒီအစည်းအဝေး မှာ အဓိကဆွေးနွေးမှာက နအဖက ကမ်းလှန်းထားတဲ့ နယ်ခြားစောင့်တပ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို အဓိကထားဆွေးနွေးမှာ ဖြစ်တယ်” ဟု မွန် ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။
၎င်းအစည်းအဝေးသည် ရက်အကန့်သတ်မရှိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး၊ မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးသွားသည့်အပြင် မွန်ပြည်သစ်ပါ တီ၏ လုပ်ငန်းဆောင်တာများနှင့် ရှေ့လုပ်ငန်းများကိုလည်း ဆွေးနွေး ရန်ရှိသည်။
“ဒီလနောက်ဆုံးပတ်မှာ အရေးပေါ်အစည်းဝေးခေါ်ဖို့ရှိတယ်၊ အဓိကက တော့ နအဖတွေရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ရယ် ဒါမှမဟုတ် ကျေးရွာပြည်သူ့စစ်အနေနဲ့ ပြောင်းလဲဖို့ကိစ္စနဲ့ ၂၀၁၀ ရွေးကောက်ပွဲအ တွက် ပတ်သက်တာတွေကို ဆွေးနွေးမှာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
မတ်လဆန်းပိုင်းက မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် ဒုဥက္ကဌ နိုင်ရ ဿနှင့် မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တ လညီတို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မြန်မာစစ်အစိုးရမှ စစ်ဖက် ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဒုတိယအကြိမ်အနေဖြင့် ဇွန်လ (၇) ရက်နေ့မှာ မွန်ပြည်သစ်ပါတီခေါင်း ဆောင်မှ ဥက္ကဌ နိုင်ထော်မွန်၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင် နိုင်တလညီ၊ ဗဟိုအလုပ်မှုဆောင် နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင် ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့က မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ် ဌာနချုပ်မှာ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် တွေ့ဆုံခဲ့သည်။
လွန်ခဲ့သည့်ဧပြီလကလည်း အစိုးရအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည် သစ်ပါတီနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့်အစီစဉ်ကို ဖျတ်သိမ်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းမှ သိရသည်။
|
|
|
|