February 09, 2010
 
Head
နောက်ဆုံသတင်းများ
အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ

ပြည်ထောင်စုနေ့ အမှတ်တရ တိုင်းရင်းသားများ ဈေးရောင်းပွဲတော် ကျင်းပမည်

သတင်း

ကေပီအက်ဖ် ဒုဗိုလ်မှူးကြီး စောလေးဝါး ပြန်လွတ်လာ
Tue 14 Jul 2009, IMNA
ကေပီအက်ဖ် တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါးကို ကေအန်ယူ ဖမ်းဆီးထားခြင်းမှ ပြန်လွတ်လာပြီး ယမန်နေ့ည ၈ နာရီ ခန့်တွင် ဘုရားသုံးဆူရှိ နေအိမ်ထံတို့ ပြန်လည်ရောက်ရှိလာသည်။

လွန်ခဲ့သည့် ဇူလိုင်လ (၈) ရက်နေ့က ဒုဗိုလ်မှူးကြီး စောလေးဝါးနှင့်အ ဖွဲ့သည် နေပြည်တော်မှ မြန်မာစစ်အစိုးရအာဏာပိုင်တို့နှင့် တွေ့ဆုံပြီး နောက် ဘုရားသုံးဆူသို့ အပြန်လမ်း  ဇမိချောင်းမှာ  ကေအန်အယ်အေ တပ်ရင်း (၁၆) လက်အောက်ခံ တပ်ခွဲ (၂) စောချပ်သယ်ထူးအဖွဲ့၏ ဖမ်း ဆီးခြင်းကို ခံလိုက်ရသည်။ တပ်ရင်း (၁၆) သည် ဒုဗိုလ်မှူးကြီး မန်းတင် လှိုင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသည်။

“မနေ့ညက ဗိုလ်စောလေးဝါးပြန်ရောက်လာတယ်၊ သူနဲ့အတူ သူ့ရဲ့ ဘီ အေတစ်ယောက်နဲ့ စီးပွားရေးသမားနှစ်ဦးလည်း ပြန် ရောက်လာတယ်” ဟု ကေပီအက်ဖ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့မှလာသော အတည်မပြုနိုင်သေးသည့် သတင်း တစ်ရပ် အရ ကေအန်ယူ၏ ဖမ်းဆီးခြင်းကိုခံရသည့် ဗိုလ်စောလေးဝါးသည် မန်း တင်လှိုင်၏ ဦးလေးအရင်း  ဖြစ်သောကြောင့် ယခုလို စောလေးဝါးကို ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းထွက်ပေါ်နေသည်။

ဇူလိုင်လ (၈) ရက်နေ့ညနေတွင် ဒုဗိုလ် စောချပ်သယ်ထူးတို့အဖွဲ့သည် ကေပီအက်ဖ်မှ ဒုဗိုလ်မှူးကြီး စောလေးဝါးကို ဖမ်းဆီးပြီသည့်နောက် မဲ ကသာဒေသရှိ ကေပီအက်ဖ် စက်ကယ်တပ်ကို ထပ်မံသိမ်းဆီးလိုက်သည်။



ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency