February 09, 2010
 
Head
နောက်ဆုံသတင်းများ
သံဃာတော်တစ်ပါးအဖမ်းခံရပြီးနောက် အင်တာနက်ဆိုင်များ စစ်ဆေးခံရ

ဖမ်းစီးမည့်သတင်းကြောင့် မလေးရှားရောက် အလုပ်သမားများ ထိပ်လန့်နေကြ

အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

သတင်း

မော်လမြိုင်တွင် ထိုင်းကုန်စည်ပြတ်လတ်ခြင်းကြောင့် ကုန်စည်များ ဈေးတက်
Thu 16 Jul 2009, IMNA, ပနွတ်ကျား
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်စီးဆင်းပြတ်လတ်မှုကြောင့် ထိုင်းသွင်း ကုန်စည်ဈေးနှုန်းများ ယခင်ကထက် ဈေးနှုန်းမြင့်တက်နေသည်ဟု လက် ကားရောင်း ဈေးသည်များမှ သိရသည်။

ထိုင်းကုန်စည်များ အဓိကစီးဝင်နေသော မော်လမြိုင်- မြဝတီတောင်တက် လမ်းသည် မိုးကြီးပြီး လမ်းပြိုသွားသောကြောင့် ကားများ ပြေးဆွဲ၍မရသည် မှာ ၂ ရက်ခန့်ရှိပြီး လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း ဂျိုင်းတံတား ယိုယွင်း မှုကြောင့် ကုန်တင်ကားများ ဝန်လျော့ပြေးဆွဲနေရသည်။

စားသောက်ကုန်များသည် အရင်ကထက် ဈေးနှုန်းများတက်နေပြီး အဓိက တင်သွင်းနေသော စားသုံးဆီသည် ကျပ် ၂၄၀၀၀ မှ ယခု ၂၈၀၀၀ အထိ တက်နေပြီး ဖြစ်သည်။

အခြားကုန်စည်များဖြစ်သော ထိုင်းဖိနပ်၊ ဟင်းခတ်အမွေးအကြိုင်များ၏ ဈေး နှုန်းများ လည်းတက်နေသည်ဟု မြ၀တီမှ ကုန်စည်လက်ကား ရောင်းချနေ သော မော်လမြိုင်ဈေးသည် တစ်ဦးက ပြောသည်။

“အခု အခြေအနေက ကိုယ့်မှာ လက်ကျန်သိုလှောင်ထားတဲ့ ကုန်ပစ္စည်းနဲ့ပဲ ရောင်းနေကြတယ် ဆိုတော့ ဈေးတင်ပြီးရောင်း နေကြတာပေါ့။ ပစ္စည်းက လည်း မဆင်းတာ နှစ်ပတ်ရှိပြီး အဲဒါကြောင့်မို့လို့ ကုန်ပစ္စည်းတွေ ဈေးတက် သွားကြတာ” ဟု မော်လမြိုင် ဈေးကြိုရပ်တွင် ထိုင်းကုန်ပစ္စည်း ရောင်းချနေ သော ဆိုင်ရှင်တစ်ဦးက  ဆိုသည်။

ကုန်ပစ္စည်းများ မစီးဆင်းနိုင်သဖြင့် မြဝတီရှိ ကုန်သည်များအစုကလည်း ယခုအချိန်တွင် အလုပ်ပျက်လတ် နေကြသည်ဟု မြဝတီမြို့မှ ကုန်စည်စုံ ရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“လမ်းမပိတ်ခင်ကတော့ တစ်ခါ ကုန်အရောင်းဝယ်လုပ်ရင် ကျပ် ၄ သိန်းရ တယ် လမ်းစရိတ်တွေ နှုတ်ပြီးရင် ကျပ် ၃ သိန်းလောက် ကျန်နေတယ်။ အခုက ဆင်းလဲမရ တက်လို့လဲမရဘူး ပစ္စည်းတွေ ဒီမှာပဲ ပိတ်နေကြတာ နေစရိတ် စားစရိတ်တွေကလည်း ကုန်တယ်” ဟု  ၄င်းကုန်သည်က ဆက် ပြောသည်။

မြဝတီ တောင်တက်လမ်းသည် လွန်ခဲ့သော ၂ ရက်ကတည်းက မိုးကြီးပြီး တောင်ကျချောင်းရေတွေကြောင့် မြေပြိုသဖြင့် ကားလမ်းပိတ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအတူ လွန်ခဲ့သော ရက်တစ်ပတ်ခန့်က ရန်ကုန် -ဘာအံ- မော်လမြိုင်-မြ ဝတီလမ်းရှိ  ဂျိုင်းတံတားယိုယွင်းနေသောကြောင့် သတ်မှတ်ထားသောဝန် ပေါ်တွင်သာ သွားလာခွင့်ရ သဖြင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေး ခဲ့သည်။

“ဂျိုင်းတံတား ယိုယွင်းနေတာကြောင့် ရန်ကုန်-ဘားအံ-မော်လမြိုင်-မြဝတီ ကားအဆင်း အတက် နှောင့်နှေးသွားတယ် နိုင်ငံခြားတင်ပို့မည့် ကုန်ဈေး နှုန်းများ မြင့်တက်လာတာ ဖြစ်တယ်” ဟု မြဝတီမှဆန်ကုန်တစ်ဦးက ပြောသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency