February 09, 2010
 
Head
နောက်ဆုံသတင်းများ
သံဃာတော်တစ်ပါးအဖမ်းခံရပြီးနောက် အင်တာနက်ဆိုင်များ စစ်ဆေးခံရ

ဖမ်းစီးမည့်သတင်းကြောင့် မလေးရှားရောက် အလုပ်သမားများ ထိပ်လန့်နေကြ

အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

သတင်း

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ အခက်အခဲဖြစ်
Thu 16 Jul 2009, IMNA
ယခုလအတွင်း မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တချို့ဒေ သတွင်က ရေမြုပ်ပြီး၊ ကျောင်းသားများလည်း ကျောင်းမတက်နိုင်သည့် အ ခြေနေပင်ဖြစ်နေသည်ဟု သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းဖနုံရေလှောင်တမံအနီးတစ်ဝိုက်ရှိ ကလော့ သော့၊ တောင်ပ၊ ထုံမံ နှင့် ကွမ်ခပူ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာ သွန်းမှုနှင့် ဆည်မြောင်ရေ စီးဆင်းမှုကြောင့် ရေများပြည်လျှံလျက်ရှိသည်။

“မိုးကြီးနေတာ ၅ ရက်လောက်ရှိပြီး၊ ကျွန်တော့် ခလေးတွေလည်း ကျောင်းမ သွားနိုင်ဘူး။ သူတို့က ကလော့သော့ရွာမှာ ကျောင်းသွားတက်နေကြတယ်။ ရေက ခါးလောက်ရှိတော့ သူတို့က ဖြတ်လိုမရဘူး” ဟု ထုံမံကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထုံမံကျေးရွာနှင့် ကွမ်ခပူကျောင်းရွာတွင် မူလတန်ကျောင်းသာရှိပြီး အလယ် တန်းနှင့် အထက်တန်းကျောင်းတက်ရသည့် ကျောင်းသားအားလုံး ကလော့ သော့ရွာရှိ အထက်တန်ကျောင်းတွင် သွားတက်ရပါသည်။

၂၀၀၁ ခုနှစ် မြန်မာအစိုးရ အာဏာပိုင်တို့က ဝင်းဖနုံရေလှောင်တမံကို တည်ဆောက်ထားပြီးနောက် ၄င်းဆည်တဝိုက်တွင် စီးဆင်းနေသည့် အဓိ ကချောင်းများကို ပိတ်လိုက်သည်။ ချောင်း၏ ဘေးတဘက်တစ်ချက်တွင် လည်း လယ်ယာမြေများရှိပြီး၊  မိုးရာသီ ရောက်သည့်အချိန်တွင် ရေ လှောင်တမံမှ ရေများ လျှံကြလာပြီး၊ ချောင်းထဲသို့ ဆီးဝင်သွားကာ ၄င်းမှ တဆင့် လယ်ကွက်ထဲကို လျှံကြကုန်သည်။

ရေလှောင်တမံအနီးနားတဝိုက်ရှိ ကျေးရွာများလည်း မိုးရာသီအချိန်တွင် ရေ ကြီးပြီး သွားလာရန်အတွက် အခက်ခဲရှိသည်ဟု ကွမ်ခပူရွာသားတစ်ဦး၏ ပြောပြာချက်အရ သိရသည်။


“ကျောင်းသား အယောက် (၁၀၀) ကျော်လောက် ကျောင်းမတက်နိုင်ဘူး၊ အများအားဖြင့် အလယ်တန်း ကျောင်းသားတွေဖြစ်ကြတယ်” ဟု ကလော့ သော့ကျေးရွားမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ပိတ်ဆို့နေသောရေများ စီးဆင်းနိုင်ရန်အတွက် ကျေးရွာလူကြီးများက မုဒုံမြို့ မယကဥက္ကဌထံ ရေမြောင်းပြုလုပ်ပေးရန် တောင်းဆိုထားသော်လည်း၊ ယ ခုချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးပါ။

“ကျွန်တော်တို့က မယက ဥက္ကဌထံမှာ ရေမြောင်းလုပ်ပေးဖို့ တောင်းဆို ထားတာ (၁၀) ရက်လောက်ရှိပြီး၊ မိုးမကြီးခင်ကတည်းက စာနဲ့ရေးပြီး တောင်းဆိုထားတာ။ ဒါပေမယ့် သူတို့က အခုချိန်ထိ ဘာမှအကြောင်း မပြန်သေးဘူး” ဟု  ထုံမင်ရွာသားတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူနေ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ရေးမြို့၊ ရန်ကြီးအောင်ရပ် ကွက်၊ ဓနိတောကွက်သစ်နှင့် ချောင်းတောင်ရပ်ကွက်တို့မှ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၃၂၅ ဦးတို့အား ယာယီကယ် ဆယ်ရေးစခန်းများသို့ ရွှေ့ ပြောင်းနေရာချထားပေးခဲ့ကြောင်းယ မန်နေ့ထုတ်မြန်မာ့အလင်းသတင်း စာတွင် ဖော်ပြထားပါသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency