July 29, 2010
 
Head
နောက်ဆုံသတင်းများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ် 

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ 

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ 

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ 

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ 

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ 

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း 

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

သတင်း

ဒီကေဘီအေတပ်သား ကေအန်ယူမှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ
Thu 23 Jul 2009, IMNA
ယမန်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ) က ဒီကေဘီအေ တပ်သား (၂) ဦး ကို ဖမ်းဆီးလိုက်ပြီး တပ် သား (၁) ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဘုရားသုံးဆူမှလာသည့် သတင်း အရ သိရသည်။

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာမှ လှေဖြင့် တက်လာသော ကလိုထူးဖော ဗဟိုလုံခြုံရေးတပ်ရင်း တပ်ခွဲ (၁) မှ ဒီ ကေဘီအေ တပ်သား(၂) ဦးကို ကျွန်းချောင်းလှေဂိတ်တွင် အခြေစိုက် သော ကေအန်အယ်လ်အေ တပ်မဟာ (၆) တပ်ရင်း (၁၆)ရှေ့တန်းလှုပ်ရှားမှုအဖွဲ့၏ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

“ကလိုထူးဖော ဗဟိုလုံခြုံရေးက တပ်သား (၂) ဦးကို တပ်ခွဲမှုး စောအေ ဝမ်းက ဘုရားသုံးဆူကို  တက်ဖို့ခေါ်လာတာ။ လမ်းမှာ ကေအန်ယူတပ်က ဖမ်းပြီးတော့ သတ်လိုက်တယ်။ တချို့လူတွေ ပြောတာကတော့ ကေအန် ယူက DKBA နဲ့ မြန်မာစစ်အစိုးရတပ်ကို မကျေနပ်လို့ အခုလိုသတ်လိုက် တာ” ဟု ကရင်ငြိမ်းချမ်းရေးအဖွဲ့ KPF ၏ ပြောပြချက်အရ သိရသည်။

လွန်ခဲ့သော ဇူလိုင်လ (၈) ရက်နေ့တွင် DKBA နှင့် မြန်မာအစိုးရတပ်တို့ ပူးပေါင်းပြီး ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ် KNU တပ်မ ဟာ (၆) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး DKBA ဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်။

DKBA နှင့် KNU အကြားပဋ္ဋိပက္ခတွေဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့ ပေါ်မှာလည်း မြန်မာစစ်အစိုးရက လုံခြုံရေးတွေပိုမို ချထားသည်ဟု ဘု ရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

“KNU က DKBA တပ်သား (၂) ယောက်ကို ဖမ်းပြီး တပ်သား (၁) ယောက်ကို သတ်လိုက်တယ်ဆိုတာကို ကျွန်တော်တို့ကြားတယ်။ ဒါပေမယ့် ကျန်တဲ့ DKBA တပ်သား (၁) ယောက်ကို ဘယ်မှာရှိလဲ ဆိုတာကိုတော့ သေသေချာချာ မသိဘူး” ဟု KNU နှင့် နီးစပ်သည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Wed 24 Mar 2010,


MORE IMNA VIDEOS Mon 22 Mar 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency