|
သတင်း
 ဒီကေဘီအေ နှင့် ကေပီအက်ဖ် စစ်သားများအဖမ်းခံရပြီးနောက် ၄င်းတို့ဂိတ်အချို့ရုပ်သိမ်း
Sat 25 Jul 2009,
ကွန်းဟဒေ့
လွန်ခဲ့သောတစ်ပတ်က ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သား ၇၀ ကျော် ကို ကေ အန်ယူက ဖမ်းဆီး လိုက်သည့်ဟု သတင်းများ ထွက်ပြီးနောက်မှာ ဇမိမြစ်ချောင်း တလျှောက်ရှိ ၄င်းတို့ဂိတ်များလည်း ရုပ် သိမ်းသွားသည်ဟု ခရီးသည်များက ပြောသည်။
ကေအိုင်စီသတင်းအရ ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သား ၈၀ ကျော် ကို ယခုလဆန်းပိုင်းအတွင်း ကေအန်ယူ တပ်မဟာ (၆) တွင် လက် အောက်ခံတပ်ရင်း (၁၆) ထံတွင် လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူမြို့သို့ ရေလမ်းခရီးဖြင့်သွားလျင် ပိန္နဲဟတ်၊ ချောင်းဝ၊ ရဲတံခွန်၊ တံခွန်တိုင် တွင် ဒီကေဘီအေဂိတ် စုစုပေါင်း ၄ ဂိတ် ရှိပြီး ယခုအချိန်တွင် ၄င်းတို့ ဂိတ်အချို့ကို ရုပ်သိမ်းသွာသည်ဟု မွန်ပြည် သစ်ပါတီ ဂိတ်မှူး တစ်ဦးက ပြောသည်။
“ပိန္နဲဟတ်မှာရှိတဲ့ဂိတ်ကို ရုပ်သွားတယ်၊ ချောင်းဝဂိတ်လည်း ရုပ်သိမ်းသွား ပြီးတော့ အခုပြန်ထိုင်နေတယ်၊ ရဲတံခွန်နှင့် တံခွန်တိုင်ဂိတ်ကိုတော့ ရုပ် သွားလား ရှိနေသေးလားတော့ အတိကျမသေးဘူး” ဟု ၄င်းက ပြောသည်။
အခြား မွန်ပြည်သစ်ပါတီဝင်တစ်ဦး၏ ပြောပြချက်အရ ရဲတံခွန်၊ တံခွန်တိုင် ဂိတ်ကိုမူ မြန်မာအာဏာပိုင်များက ရုပ်သိမ်းခိုင်းခဲ့သည်ဟု ပြောသည်။
၎င်းရေလမ်းခရီးတွင် ကေပီအက်ဖ်ဂိတ်များလည်း သုံးဂိတ်ရှိပြီး သက် ကယ်ဂိတ်နှင့် အနန်းကွင်းဂိတ် ဂိတ်နှစ်ဂိတ်ကိုမူ ၄င်းတို့အဖွဲ့မှ ရုပ် သိမ်းသွားပြီး ရဲတံခွန်ဂိတ်တစ်ဂိတ်ကိုမူ အတိအကျ မသိရသေးဟု မွန်ပြည်သစ် ဂိတ်မှူးက ဆက်ပြောသည်။
မည်သည့်အတွက်ကြောင့် ဂိတ်များရုပ်သိမ်းသွားသည်ကို အတိအကျမ သိရသေးသော်လည်း မွန်ပြည်သစ်ပါတီဝင်အချို့နှင့် ဒေသခံခရီး သွား ပြောပြချက်အရ ဂိတ်များကို ထိုသို့ ရုပ်သိမ်းရခြင်းမှာ ဒီကေဘီအေနှင့် ကေပီအက်ဖ်တပ်ဖွဲ့အနေဖြင့် ကေအန်ယူစစ်သားများ လာရောက်ပြီး ယခင်ကဲ့သို့ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ဒီကေဘီအေနှင့် ကေပီအက်ဖ်အဖွဲ့များက ရုပ်သိမ်းရခြင်း ဖြစ်သည်ဟု ပြောသည်။
|
|
|
|