July 29, 2010
 
Head
နောက်ဆုံသတင်းများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ် 

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ 

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ 

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ 

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ 

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ 

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း 

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

သတင်း

ဒီကေဘီအေတပ်များ မဲကသာတောတွင်း ဝင်ရောက်တပ်စွဲထား
Mon 31 Aug 2009, ရိုင်မရော့
ဘုရားသုံးဆူမြို့မြောက်ဘက်ရှိ မဲကသာကျေးရွာအတွင်း ဒီကေဘီအေ တပ် ရင်း ၉၀၇ မှ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင်သည့် တပ်အင်အား ၇၀ ခန့်က ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင် ဝင်ရောက်တပ်စွဲထား သည်ဟု သိရသည်။

“မနေ့ည ၁၀ နာရီလောက်မှာ ဒီကေဘီအေတွေ အဲဒီမဲကသာရွာကို ဝင် တယ်၊ မဲကသာရွာဟောင်းမှာပေါ့နော်၊ ဘုန်းကြီးကျောင်းကို သူတို့ဝင်ပြီး တော့ စခန်းချထားတယ်” ဟု ကေအန်ယူမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဲကသာတောအတွင်းတွင် မဲကသာရွာဟောင်းနှင့် မဲကသာရွာသစ်ဟူ၍ရှိ သည်။ မဲကသာရွာဟောင်းတွင် အိမ်ခြေ ၆၀ ခန့်နှင့် ရွာသစ်တွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ကေအန်ယူထိန်းချုပ်ရာနယ်မြေဖြစ်သည်။

၎င်းဒုဗိုလ်မှူးကြီး စောနော်တယာ ဦးစီးသည့် တပ်ရင်း ၉၀၇ သည် ဘုရား သုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ ၆ ကို ဝင်ရောက်သိမ်းပိုက်ရန် မြဝ တီမှ လွန်ခဲ့သည့် တစ်လကျော်က ချီတက်လာခဲ့သည်ဟုလည်း ၄င်းက ပြောသည်။

“ဒီကေဘီအေတွေ ဝင်မယ်လို့ ကျနော်တို့သတင်းရထားတော့ ကျနော်တို့ အနေနဲ့ သူတို့နဲ့လည်း ပစ်မယ် ခတ်မယ် မဖြစ်ချင်ဘူး၊ အချင်းချင်းပဲလေ၊ ဒါကြောင့် အဲဒီနေရာကနေ ကေအန်ယူတွေ တပ်ရွှေ့လိုက်တယ်၊ တကယ် လို့ သူတို့ဝင်လာတာကို ကေအန်ယူအနေနဲ့ မရွှေ့လိုက်ဘူးဆိုရင် တိုက်ပွဲ တွေဖြစ်မယ်ပေါ့” ဟု ၄င်း ကေအန်ယူ တာဝန်ရှိသူက ဆက်ပြောသည်။

ဒီကေဘီကေတပ်များ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက် လာခြင်းကြောင့် ၄င်းဒေသအနီးတဝိုက်ရှိ ရွာသူ၊ ရွာသားများက ထိန့်လန့် ကြောက်ရွံ့နေကြသည်ဟု သိရသည်။

“အခုလို ဒီကေဘီအေတပ်တွေ ကေအန်ယူနယ်မြေအတွင်း ဝင်ရောက်အ ခြေချလိုက်တာဟာ၊ ဒေသခံတွေအတွက် တိုက်ပွဲဖြစ်မှာကိုပဲ စိုးရိမ်နေကြ တယ်၊ ဒါပေမယ့် ကေအန်ယူတွေ ပြောနေတာကတော့ တိုက်ပွဲမဖြစ် အောင် သူတို့ ရှောင်နေမှာပါ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည် ဇူလိုင်လတွင် ဒီကေဘီအေက ကေအန်ယူတပ်ကို ထိုးစစ် ဆင် ရန် ပြင်ဆင်မှုကြောင့် ၂၄ နာရီအတွင်း ကရင်ရွာသား ၂၀၀ ကျော် ထိုင်း နိုင်ငံသို့ ထွက်ပြေးနေရသည်ဟု TBBC မှ ကြေငြာချက် ထုတ်ပြန် ထားသည်။

ဇူလိုင်လ (၈) ရက်နေ့ကလည်း DKBA နှင့် မြန်မာအစိုးရတပ်တို့ ပူးပေါင်း ပြီး ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ် KNU တပ်မဟာ (၆) တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး DKBA ဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်။

DKBA နှင့် KNU အကြားပဋ္ဋိပက္ခဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့ တွင်း၌ လည်း မြန်မာစစ်အစိုးရက လုံခြုံရေးပိုမို ချထားသည်ဟု ဘုရားသုံး ဆူမြို့ခံ တစ်ဦးက ပြောသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Wed 24 Mar 2010,


MORE IMNA VIDEOS Mon 22 Mar 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency