July 29, 2010
 
Head
နောက်ဆုံသတင်းများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ် 

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ 

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ 

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ 

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ 

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ 

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း 

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

သတင်း

အိမ်ဖော်အလုပ်သမားအခွင့်အရေးအတွက် Map အဖွဲ့မှ လှုပ်ရှား
Mon 31 Aug 2009, ကျလွန်းထော
သြဂုတ်လ ၂၈ နေ့တွင် “နိုင်ငံတကာ အိမ်ဖော်အလုပ်သမားများနေ့” ကို ရည်ရွယ်ပြီး အိမ်ဖော်အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေး များ ရရန်အတွက် ချင်းမိုင်မြို့အခြေဆိုက် Map foundation အဖွဲ့မှ ပို့စ ကတ်များပြုလုပ်ပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်ဟု သိရသည်။

“ဒီနှစ်မှ ကျွန်တော်တို့စလုပ်တာပါ၊ အိမ်ဖော်အလုပ်သမားတွေက အခြားအ လုပ်သမားတွေနဲ့မတူဘူး၊ အိမ်အလုပ်တွေကို မရပ်မနားလုပ်နေရတယ်၊ နားရက်လည်းမရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကနေပြီးတော့ ထိုင်း နိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဆီမှာတောင်းမှာဖြစ်ပါတယ်” ဟု မဲဆောက်မြို့အခြေဆိုက် Map foundation အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအိမ်ဖော်အလုပ်သမားများ နားရက်မရှိဘဲ အလုပ်လုပ်နေရသည်ကို တစ်ပတ်လျှင် တစ်ရက် နားရက်ရလာစေလိုခြင်း၊ အိမ်ပြင်ထွက်ခွင့်ရ လာ စေခြင်းနှင့် အလုပ်ရှင်များကလည်း အိမ်ဖော်များ၏အခွင့်အရေးများကို သ တိရလာစေရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

၎င်းတို့အဖွဲ့ကနေပြီး ယခုနှစ်မှ စတင်ပြုလုပ်သော ပို့စကတ်ဖြန့်ဝေခြင်းနှင့် ၄င်းပို့စကတ်များတွင် အိမ်ဖော်များ၏အမည်နှင့် လိပ်စာများ ရေထည့်ပေး ပြီး ၄င်းစာပို့စကတ်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ ပေး ပို့မှာဖြစ်သည်ဟုလည်း သိရသည်။

စစ်အစိုးရ၏ ဖိနိုပ်ညှင်းပန်းခြင်းခံရမည်ကို ကြောက်ရွံ့ပြီး မြန်မာနိုင်ငံ မှ ပြောင်းရွှေ့သူ လူအများစုအများအပြားတို့သည် အသက်ရှင်ရပ်တည်နိုင်ရန် မျှော်လင့်ချက်ကင်းမဲ့ပြီး၊ အများအားဖြင့် တရားမဝင် အလုပ်သမားများအ ဖြစ် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်ကြရသည်။ ဤသို့ဒုက္ခရောက်နေချိန်တွင် ထိုင်းအစိုးရမှ ဒုက္ခသည်အဆင့်အဖြစ်သတ်မှတ်ရန် ငြင်းဆိုမှုကြောင့် မြန် မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ ၄င်းတို့၏အခွင့်အရေးများ ဆုံး ရှုံးခဲ့ရသည်။

ဤသို့ဖြင့် အိမ်တွင်းအလုပ်သမားများ ပယ်ထားခံရပြီး၊ ၄င်းတို့၏အခြေခံ အလုပ်သမားအခွင့်အရေးများလည်း အမြဲတမ်းလျစ်လျူရှုခြင်းခံရသည်ဟု Migrant Domestic Workers report ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ အိမ် ဖော်အလုပ်သမားများ အစီရင်ခံစာက ဆိုထားသည်။

မြန်မာအိမ်ဖော်အလုပ်သမားအများစုသည် မိသားစုစားဝတ်နေရေးနှင့် မိမိ ဒေသတွင်အလုပ်အကိုင်မရှိဘဲ နေထိုင်စားသောက်နေသည့်အတွက် ထိုင်း နိုင်ငံသို့ လာရောက်လုပ်ကိုင်ကြသူများဖြစ်သည်။

“ကျွန်မ ရွာကနေထွက်လာတာ ၁၁ နှစ်ရှိသွားပြီး၊ ရွာမှာဘာအလုပ်မှလဲမရှိ၊ စီးပွားရေးလုပ်ဖို့က အရင်းအနှီးတောင်မရှိဘူး၊ ဒါကြောင့် ဒီနိုင်ငံကို လာဖို့ ဆုံးဖြတ်လိုက်တာပါ၊ စစလာတုန်းက ငါးပုဇွန်ရုံမှာ အလုပ်လုပ်တယ်၊ လစာ ခဏခဏဖြတ်ခံရတယ်၊ နောက်တော့ ဒီအိမ်မှာ အိမ်ဖော်လာလုပ်တယ်၊ ဒီအိမ်ကတော့ လစာမဖြတ်ပါဘူး” ဟု ဘန်ကောက်မြို့ရှိ မြန်မာအမျိုး သမီး အိမ်ဖော်တစ်ဦးက ဆိုသည်။

အချို့သော အိမ်များမှာ ပေးသောလုပ်ခစာများဖြင့် အိမ်ဖော်အလုပ်သမား များကို အဆမတန်ခိုင်းစေ နေပါသည်။ နံနက်မိုးလင်းသည့်အချိန်မှစ၍ ညဦးသန်ခေါင်းယံအထိ မရပ်မနားခိုင်းစေနေသည်။

“ကျွန်မ ဒီအိမ်ကိုရောက်တာ ၈ နှစ်ရှိသွားပါပြီး၊ စစရောက်တုန်းက ကလေး တစ်ယောက်ပဲရှိတယ်၊ အခုဆိုရင် ကလေး ၄ ရောက်တောင်ဖြစ်သွားပြီး၊ တစ်နေ့တစ်နေ့ ကျွန်မမှာ နားချိန်တောင်မရှိဘူး၊ သူတို့ဆီမှာ ကျွန်မ နား ရက်တောင်းပါတယ်၊ မရခဲ့ဘူး၊ အဲဒီလိုတောင်းရင် ကျွန်မကိုအော် ငေါက် တယ်၊ အခုလိုမျိုး အိမ်ဖော်အလုပ်သမားများနေ့မှာ စာရွက်လေးပေါ် မှာ ဖြည့်ရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်၊ ကျွန်မလည်း အလုပ်ပြောင်း ချင်ပါတယ်” ဟု မြန်မာအိမ်ဖော်အလုပ်သမားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် အိမ်တွင်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေသူ မြန်မာ နိုင်ငံမှအမျိုးသမီးဦးရေမှာ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းရသော်လည်း ဤအမျိုးသမီးမိန်းကလေးများ အမှန်တကယ် ရင်ဆိုင်နေရသော အ ကြောင်းအရာ အနည်းအကျဉ်းမျှကိုသာ သိရှိရသည်။ သူတို့၏အထီးကျန်မှု၊ မလုံခြုံမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် အကြမ်းဖက်ခြင်းခံရမှု စသည့်တို့ အပေါ် ပိုမိုသိရှိလာကြသော်လည်း ထိုဖြစ်ရပ်မှန်အချက်များအား မှတ်တမ်း ပြုစုထားခြင်း နည်းပါးလှကြောင်းကိုလည်း ၄င်းစာအုပ်မှ ကိုးကားထားပါ သည်။

အိမ်ဖော်အလုပ်သမားများနေ့ကို ဒီကနေ့တွင် ချင်းမိုင်မြို့တစ်မြို့တွင်သာ ကျင်းပမည်ဖြစ်ပြီး အကယ်၍ ၄င်းတို့ဆောင်ရွက်ချက်တွင် အောင်မြင်မှု များရရှိလာပါက နောင်လာမည့်နှစ်များတွင်လည်း ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး အတွက် ဆောင်ရွက်ပေးမည်ဟု ၄င်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Wed 24 Mar 2010,


MORE IMNA VIDEOS Mon 22 Mar 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency