February 09, 2010
 
Head
နောက်ဆုံသတင်းများ
အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ

ပြည်ထောင်စုနေ့ အမှတ်တရ တိုင်းရင်းသားများ ဈေးရောင်းပွဲတော် ကျင်းပမည်

သတင်း

ပြည်သူ့စစ်အတွက် လက်နက်ဝယ်ရန် ငွေကောက်ခံ
Wed 25 Nov 2009, IMNA,
မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် အခြေစိုက်ထားသည့် ခလရ ၃၁ တပ်ရင်းမှ ပြည်သူ့စစ်သင်တန်း တက်ရန်အတွက် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ၄င်းပြည်သူ့စစ်များ ကိုင်ဆောင်မည့် လက်နက်များကို ဝယ်ယူရန်အတွက် ငွေကြေးကောက်ခံမည်ဟု သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ခလရ ၃၁ မှ အစည်းအဝေးခေါ်ယူပြီး ခေါဇာမြို့မှ ပြည်သူ့စစ်အတွက် လူအယောက် (၃၀) စုဆောင်းထားရမည်ဟု ပြောကြားထားသည်။

ပြည်သူ့စစ်သင်တန်း မတက်ရောက်နိုင်သည့် ဒေသခံတို့သည် ငွေကြေးပေးဆောင်ရမည်ဟုလည်း အစည်းအဝေးတွင် ပြောထားသည်။

“ကိုယ့်အိမ်က ပြည်သူ့စစ် ဝင်လုပ်ရင် ငွေမပေးရဘူး၊ တကယ်လို့ မဝင်ရင် ငွေပေးရမယ်တဲ့။ အခုသူတို့ကောက်တဲ့ငွေတွေကလည်း အဲဒီ လူ (၃၀) အတွက် လိုအပ်တာကို ဖြည့်ဆည်းပေးဖို့အတွက်နဲ့ သူတို့အတွက် သေနတ်တွေဝယ်ပေးဖို့လို့ အစည်းဝေးမှာ ခလရ ၃၁ က ပြောထားတယ်” ဟု ခေါဇာမြို့ခံတစ်ဦးက ပြောသည်။

ငွေကြေးကောက်ခံရာတွင် အတန်းအစား (၃) မျိုး ခွဲထားပြီး တစ်အိမ်လျှင် အများဆုံး ကျပ် (၅၀၀၀၀) ၊ အလယ်အလတ်ကျပ် (၃၀၀၀၀) နှင့် အနိမ့်ဆုံးအဖြစ် ကျပ် (၂၀၀၀၀) ကောက်ခံမည်ဟု သိရသည်။

“ခေါဇာမြို့မှာပဲ မဟုတ်ဘူး၊ ရွာတွေဘက်မှာလည်း တရွာမှာ ၅ ယောက်၊ ၄ ယောက် ပြည်သူ့စစ် ဝင်လုပ်ရမယ်လို့ ကြားတယ်။ ဒါပေမယ့် ငွေကိုတော့ သူတို့ပေးရသလား မပေးရသလားတော့ အတိအကျ မသိရသေးဘူး” ဟု ၄င်းမြို့ခံက ပြောသည်။

ခေါဇာမြို့အတွင်းတွင် အိမ်ခြေ (၈၀၀) ကျော် ရှိပြီး၊ မြန်မာစစ်တပ်တို့နှင့် နီးစပ်သူများ၊ မယက ရယကတို့နှင့် နီးစပ်သူများအပါအဝင် ပြည်သူ့စစ်အဖြစ် ဝင်ရောက်လုပ်ကိုင်သူများအားလုံး အိမ်ခြေတစ်ရာကျော်မှာ ငွေကြေးပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး ကျန်ရှိသည့် အိမ်ခြေ (၇၀၀) ခန့်မှာ ငွေကြေးပေးဆောင်ရသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency