February 09, 2010
 
Head
နောက်ဆုံသတင်းများ
အလှည့်ကျပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာဉ်မောင်းလိုင်စင်လုပ်ပေး

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ

ကျော်ဇော်လင်းနှင့် ၁၁ ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမားမြင်

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ်

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ 

ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ

ပြည်ထောင်စုနေ့ အမှတ်တရ တိုင်းရင်းသားများ ဈေးရောင်းပွဲတော် ကျင်းပမည်

သတင်း

ကျောင်းသားလူငယ်များအပါဝင် အာဏာပိုင်များလည်း ဘော်လုံးပွဲ လောင်းကစား
Fri 27 Nov 2009, မင်းအာသံ
ယခုနှစ် ဘော်လုံးရာသီတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စည်ကားသော မြို့ကြီးများတွင် ကျောင်းသားလူငယ်များအပါအဝင် မြို့ခံပြည်သူများသာမက အာဏာပိုင်များလည်း လောင်းကစားလိုက်စားနေကြောင်း သိရှိရပါသည်။

ဘော်လုံးပွဲ လောင်းကစားဒိုင်ကြီးများသည် အများအားဖြင့် အာဏာပိုင်တို့နှင့် ရင်းနှီးသူများ ဖြစ်ကြပြီး အာဏာပိုင်တို့အား လာဘ်ပေးလာဘ်ယူ လုပ်ထားကြရကြောင်း လောင်းကစားသူတဦးက ပြောသည်။

မုဒုံမြို့နယ်မှ ဒေသခံတဦးက  “ကျနော်တို့ကတော့ အပျော်တန်းလောက်ပဲ လောင်းတာ။ တချို့လူတွေကတော့ စီးပွားဖြစ်အနေနဲ့ လောင်းတာ ရှိတယ်။ သူတို့က အချိန်တိုင်း လောင်းကစား လိုက်စားနေတယ်။ ဒီလိုလောင်းကစား လိုက်စားတာ မြို့ခံတွေမှာ အများဆုံး တွေ့ရတယ်။ နောက်ပြီး ဒိုင်ကိုင်တဲ့ လူတွေကတော့ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ မယကတောင်းသလောက် အကောက်ပေးနိုင်ရင် ကျနော်တို့လည်း ဒိုင်ကိုင်လို့ ရပါတယ်” ဟု ပြောသည်။

ယနေ့လောင်းကစားလုပ်နေသော ကမ္ဘာ့ဘော်လုံး ပြိုင်ပွဲသည် တစ်နှစ်လျှင် ၁၀ လခန့် လာနေသည်။

ဘားအံမြို့ နေရာအနှံ့တွင် လောင်းကြေး အလွယ်တကူ ထည့်နိုင်သောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာသင်ကြားနေသော ကျောင်းသားလူငယ်များလည်း လောင်းကစားနှင့် ရင်ဆိုင်နေရကြောင်း ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်မှ ကျောင်းသား လူငယ်တစ်ဦးက ပြောသည်။

“လောင်းကစားက မကောင်းမှန်း သိတယ်။ ကျနော်တို့က အပျော်တန်း ၃၀၀၀ ကြေးလောက်ပဲ လောင်းတယ်။ ဒါပေမယ့် တဖြည်းဖြည်း စိတ်ဝင်စားလာတယ်၊ ကြာလာတော့ မလောင်းမဖြစ်တဲ့ အခြေအနေထိ ရောက်လာတယ်။ တချို့က လောင်းကစား လိုက်စားရင်းနဲ့ ကျောင်းစာကို စိတ်မဝင်စားတော့ပဲ ပျက်စီးလာတဲ့အထိ ဖြစ်လာတယ်” ဟု ၄င်းက ပြောသည်။

ဘားအံမြို့တွင်မူ မြို့ခံသူဋ္ဌေးများနှင့် အာဏာပိုင်များကသာ လောင်းကစားရုံ ဖွင့်လှစ်ထားကြသည်။ ထိုလောင်းကစားရုံများတွင် နေ့စဉ် သိန်းချီ လောင်းကြေးထပ်နေကြသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင်လောင်းကစားများကို သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှု မပြုလုပ်သောကြောင့် လုယက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လိမ်လည်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။


ဓါတ်ပုံသတင်း
ဗွီဒီယို


MORE IMNA VIDEOS Fri 05 Feb 2010,


MORE IMNA VIDEOS Wed 03 Feb 2010,
မွန်ရေဒီယိုအစီအစဉ်များ
RFA
DVB
RFA Mon News
2009-08-26,
RFA Mon Feature
2009-08-26,
DVB Morning News
2009-09-11,

DVB Evening News
2009-09-11,

Copy Rights: Independent Mon News Agency